ကော့မှူး စက်တင်ဘာ ၁၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အခြေခံပညာအလယ်တန်းကျောင်း အ.လ.က မြို့ကုန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
လူငယ်ရေးရာအသိပညာပေးဟောပြောပွဲတွင် အ.လ.ကမြို့ကုန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့်ဟောပြောခြင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအတွက် အရေးပါသည်ဖြစ်သောကြောင့် မိမိတို့၏ဘဝများမြင့်မားတိုးတက်လာရန်၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လူငယ်များ၏ အတွေးအခေါ်မှန်ကန်ပြီးစစ်မှန်သောမျိုးချစ်စိတ်များ ပေါ်ထွန်းလာစေရန်အထူးပင် အရေးကြီး ပါကြောင်း၊ မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရင်း မိမိနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်သွားကြစေလိုကြောင်း၊ လူငယ်တွေအနေနဲ့ အခွင့်အလမ်းကိုဖမ်းဆုပ်နိုင်ဖို့ အတွက်မှန်ကန်တဲ့အရည်အချင်းတွေ တိုးတက်ဖို့လိုပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအနေဖြင့် တိုင်းပြည်နှင့်လူမျိုးအပေါ် ချစ်ခင်မြတ်နိုးစိတ်နှင့် ပြည်ထောင်စုစိတ်ဓာတ်တို့ဖြင့် အနာဂတ်နိုင်ငံတော်ကိုဦးဆောင်နိုင်သည့် လူငယ်များ ဖြစ်လာအောင်ကြိုးစားနေထိုင်ကြစေလိုကြောင်း စသည့်လူငယ်နှင့် ပတ်သက်သည့်အခန်း ကဏ္ဍများအားဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတ/ရသ စာအုပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာနေကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)