တိုက်ကြီးမြို့နယ်တွင် လူငယ်များဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းကျင်းပ

တိုက်ကြီး စက်တင်ဘာ ၁၉

လူငယ်များအသိပညာဗဟုသုတများ ပိုမိုတိုးတက်ရရှိ‌စေရန် ၊ စကားပြောအတတ်ပညာများ တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝင့်စွာပြောဆိုတတ်စေရန်နှင့် လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး ရင်းနှီးခင်မင်စွာပူးပေါင်းနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန်တို့ကိုရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အ‌ခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက အ‌ခြေခံပညာအထက်တန်းကျောင်း (တိုက်ကြီး) အနော်ရထာခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ လူငယ်စကားဝိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးက အဖွင့်အမှာစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း(တိုက်ကြီး) ကျောင်းအုပ်ဆရာမကြီးဒေါ်ခင်မိုးအောင်က လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ပြောကြားသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းစတင်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်စန်းကလျာခိုင်က ဦးဆောင်ဆွေးနွေးပြီး ကျောင်းသားကျောင်းသူများက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်နည်းပညာ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသားကျောင်းသူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ ဦးဆောင်ဆွေးနွေး‌သူက သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ပြန်လည်ဆွေးနွေးသည်။

အဆိုပါ လူငယ်စကားဝိုင်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကျောင်းအုပ်ဆရာမကြီးနှင့်ဆရာဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန် /ဆက်)