ငွေဆောင် စက်တင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ အ.ထ.က (ငွေဆောင်) စာသင်ကျောင်းတွင် ယမန်နေ့နံနက်(၉း၃၀)အချိန်က အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ်မကျော်သော ကျောင်းသူလေးများအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ အ.ထ.က (ငွေဆောင်) ကျောင်း၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂) နှစ် မကျော်သောကျောင်းသူလေးများအား သားအိမ်ခေါင်းရောဂါ ကာကွယ်ဆေး(HPV) ထိုးနှံခြင်းကို သက်ဆိုင်ရာ မိဘများ၊ ဆရာ/ ဆရာမများ၊ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းသူငယ်လေးများအား သားအိမ်ခေါင်းရောဂါကာကွယ်ဆေး (HPV) ထိုးနှံရာသို့ မြို့အုပ်ချုပ်ရေးမှူးဦးသိန်းဇော်နှင့်အဖွဲ့မှ လာရောက်ကြည့်ရှုအားပေးကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ အ.ထ.က(ငွေဆောင်) စာသင်ကျောင်း၌ ဒေါ်ခင်မိမိလှိုင်ဘက်စုံသားဖွားဆရာမ (Midwife) ငွေဆောင်S/cမှ ဦးဆောင်ကာကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ကျောင်းသူ(၁၀၀)ဦးအား ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့ကြောင်း သိရသည်။
ငွေဆောင်