ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး စားသုံးဆီများ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ဈေးကွက်အတွင်းပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

ပုသိမ် စက်တင်ဘာ ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် စားသုံးကုန်စည်များ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် ဈေးကွက်အတွင်းပြတ်လပ်မှုမရှိစေရေး ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးတင်အေးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကုန်ဈေးနှုန်းထိန်းညှိလျှော့ချရေးကော်မတီဝင်များနှင့်အတူ  ပုသိမ်မြို့၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်များနှင့် ငှက်ပျောတန်းလမ်းရှိကုန်စုံဆိုင်များတွင် စားသုံးဆီများအား ရည်ညွှန်းဈေးထက် ပိုမိုရောင်းချမှုရှိ/မရှိ၊ ပါမစ်ချထားပေးသူများစာရင်းယူပြီး အပြည့်အဝရောင်းချမှုရှိ/မရှိ၊ ဆီများပြတ်လပ်မှု ရှိ/မရှိတို့အား ကွင်းဆင်းစစ်ဆေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးသည် အမှတ်(၁၂)နယ်မြေ ရေကြည်ဦးရပ်ကွက်တွင် ပုသိမ်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ ဈေးကားဖြင့် ပြည်သူများထံသို့ စားသုံးဆီရောင်းချပေးနေမှုအား သွားရောက်ကြည့်ရှုခဲ့ပြီး ပြည်သူများအဆင်ပြေစွာ ဝယ်ယူနိုင်ရေး မှာကြား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

မြင့်ဟန် (ပြန်/ဆက်)