ကျွန်းလှ စက်တင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌဖလား ဌာနပေါင်းစုံ အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွေကျွန်းမြေ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပကြောင်း သိရသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကျွန်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အသင်းနှင့်သစ်တောဦးစီးဌာန အသင်းတို့ယှဉ်ပြိုင်ကစားကြရာ သစ်တောဦးစီးဌာန အသင်းက ငါးဂိုးလေးဂိုးဖြင့် အနိုင်ရရှိကြောင်း သိရသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူတို့က ပထမ၊ ဒုတိယရရှိကြသည့်အသင်းများအား တံခွန်စိုက်ဆုနှင့် ငွေသားဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)