သာစည် စက်တင်ဘာ ၁၈
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)စတင်ထိုးနှံခြင်းကို ယနေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမ၌ ပြုလုပ်ကြောင်းသိရသည်။
သာစည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အသက်အသက်(၉)နှစ်ပြည့်ပြီး (၁၂)နှစ် မကျော်သော ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုင်းဇေယျာမျိုး၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဒေါ်ဝါဝါကျော်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြ ပြီးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကာကွယ်ဆေးထိုးနှံရာ၌ ကျောင်းသူများ ကျန်ရှိမှုမရှိစေရေးမှာကြား ကာ ကာကွယ် ဆေးထိုးနှံရာတွင် အဆင်ပြေချောမွေ့စေရေး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် အခြေခံပညာကျောင်းပေါင်း ၂၁၂ ကျောင်းရှိပြီးကာကွယ်ဆေးထိုးရန် အသက်(၉)နှစ် ပြည့်ပြီး(၁၂)နှစ်မကျော်သော ကျောင်းသူပေါင်း ၄၀၂၉ ဦးရှိကြောင်းနှင့် ကာကွယ်ဆေးထိုးနှံခြင်းကို စက်တင်ဘာ ၂၉ ရက်နေ့အပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရပြီး အကြောင်းအမျိုးမျိုးဖြင့် ဆေးထိုးရန်ကျန်ရှိပါက ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးနှံချိန်တွင် ထည့်သွင်းထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးထံက သိရသည်။
မြို့နယ်(ပြန်/ဆက်)