ကလေးဝမြို့တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်း ပြုလုပ်

ကလေးဝ စက်တင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ ညနေ ၃ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ စာဖတ်ဝိုင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ ကိုသန်းစိုးအောင်က စာဖတ်ဝိုင်း၌ စာရေးဆရာ ဒေါက်တာခင်မောင်ညို ရေးသားသော လူငယ်နှင့်အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း စာအုပ်မှ လူငယ်နှင့် စူးစမ်းစိတ်၊ လူငယ်နှင့်တာဝန်သိမှု၊ ဦးထွန်းမြင့်က လူငယ်နှင့်အမှား၊ လူငယ်နဲ့ မေတ္တာတရား စသည်အကြောင်းအရာများကို စာဖတ်ဝိုင်းသို့ တက်ရောက်လာသော စာအုပ်စာစောင်ချစ်မြတ်နိုးသူများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

(မြို့နယ်ပြန်/ဆက်)