ကျောက်ပန်းတောင်း စက်တင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ သွေးတိုးရောဂါနှင့် တိုင်းရင်းဆေးပညာအကြောင်း အသိပညာပေး Talk Show ကို၊ ယမန်နေ့ နံနက်(၁၀:၃၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေး Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မေသက်နွယ်က မိတ်ဆက်စကားပြောကြားပြီး၊ သွေးတိုးရောဂါနှင့်ပတ်သက်၍ မြန်မာ့တိုင်းရင်းဆေးပညာအရ မည်သို့ကာကွယ်/ကုသဆောင်ရွက်ပေးသည်၊ သွေးတိုးရောဂါမဖြစ်အောင် တိုင်းရင်းဆေးပညာအရ စားသောက်နေထိုင်ရမည့်ဓာတ်စာများနှင့် ကာကွယ်ကုသရမည့် နည်းလမ်းများ အကြောင်းကိုမေးမြန်းရာ၊ ကျောက်ပန်းတောင်းမြို့နယ် ခရိုင်တိုင်းရေးဆေးကုဌာနမှ ခရိုင်တိုင်းရင်းဆေးမှူး ဒေါ်သင်းသင်းဦးက သွေးတိုး ရောဂါသည် အသံတိတ်လူသတ်သမားဟု တင်စားခေါ်ရသည့် ရောဂါတစ်ခုဖြစ်ကြောင်းနှင့် ကမ္ဘာပေါ်တွင်အဖြစ်အများဆုံး ရောဂါစာရင်းတွင် ပါဝင်ကြောင်း၊ သွေးတိုးရေးဂါမဖြစ်အောင် မြန်မာ့တိုင်းရင်းဆေးပညာသဘောအရ ပြုမူနေထိုင်ရမည့်နည်းလမ်းများနှင့် ရှောင်ကြဉ်သင့်သည့် အစားအသောက်များနှင် ကာကွယ်ကုသရမည့်နည်းလမ်းများနှင့် ပတ်သက်၍ အများပြည်သူသိရှိလိုက်နာနိုင်စေရန် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)