ကမမောင်း စက်တင်ဘာ ၂၁
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် မိသားစုအပိုဝင်ငွေ ရရှိစေရေးအတွက် သပြေပန်းစိုက်ပျိုးရောင်းချခြင်းများ ဆောင်ရွက်လျက်ရှိရာ သပြေပန်းစိုက်ပျိုးရောင်းချသူများ နေ့စဉ်ဝင်ငွေရရှိသဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိရာ သပြေပန်းပင်သည် တစ်ကြိမ် စိုက်ပျိုးထားပါက စိုက်ပျိုးပြီး တစ်နှစ်သားအရွယ်တွင် နေ့စဉ်ပန်း အညွှန့်ကိုင်းများအား ဖြတ်တောက်ပြီး ရောင်းချရသဖြင့် နေ့စဉ်ဝင်ငွေရရှိသော ပန်းပင်တစ်မျိုးဖြစ်ကာ ဘုရားပန်းတင်ရာတွင်လည်း တာရှည်အထားခံသောကြောင့် ဝယ်သူများ ကြိုက်နှစ်သက်ကြောင်း ကမမောင်းမြို့ အထက်မီးဇိုင်းကျေးရွာမှ တစ်နိုင်တစ်ပိုင် သပြေပန်းပင်များ စိုက်ပျိုးထားသည့် ပန်းစိုက်တောင်သူထံမှ သိရသည်။
သပြေပန်းစိုက်ပျိုးမည်ဆိုပါက လေဝင်လေထွက်ကောင်းမွန်ပြီး အကိုင်းအညွှန့်များ သန်မာလှပစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၀) ပေ ကွာခြားကာ စိုက်ပျိုးခြင်းဖြင့် ရေကြိုက် နှစ်သက်သောကြောင့် မြေဘောင်များ ပြုလုပ်ကာ စိုက်ရပြီး ကုန်ကျစရိတ်နှင့် သွင်းအားစု နည်းပါးကာ အကျိုးအမြတ် များသောကြောင့် စိုက်ပျိုးသင့်သည့် ပန်းတစ်မျိုးဖြ ကြောင်း သိရသည်။
တင်တင်လှ(ပြန်/ဆက်)