တန့်ယန်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် စာဖတ်ပရိတ်သတ်များထံ စာအုပ်များ လွယ်ကူစွာ လေ့လာဖတ်ရှုနိုင်ရန်နှင့် ကျောင်းသား၊ ကျောင်းသူများ စာအုပ်/စာစောင်များ လေ့လာဖတ်ရှုနိုင်ရန်အတွက် ရွေ့လျားစာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်လုပ်ငန်းဖြင့် စာအုပ်/စာစောင်များ ငှားရမ်းဆောင်ရွက်ပေးခြင်းအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သွားရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ စာအုပ်/စာစောင်များအပြင် မဂ္ဂဇင်း၊ ရုပ်ပြများ ငှားရမ်းပေးသည့်တွက် အသိပညာဗဟုသုတများရရှိကာ စာအုပ်စာပေများ ချစ်မြတ်နိုးတတ်စေရန် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)