ပလောက် စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ တိုက်နယ်ပြည်သူ့ကျန်းမားရေးဌာနမှ ဝန်ထမ်းများသည် ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ နန်းတောင်ကျေးရွာ၊ မူလွန်ကျောင်းတွင် ပညာသင်ကြားနေသည့် အသက် (၉) နှစ် ပြည့်ပြီး (၁၂) နှစ် မကျော်သော ကျောင်းသူများအား ယနေ့နံနက် ၉ နာရီ အချိန်က သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး (HPV) ကို ထိုးနှံပေးခဲ့သည်။
ထိုသို့ ထိုးနှံပေးရာတွင် ပလောက်မြို့၊ ပြည်ခြားကျေးရွာအုပ်စု၊ နန်းတောင်ကျေးရွာ၊ မူလွန်ကျောင်းရှိ ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့မှ ၂၀၁၄ ခုနှစ်၊ ဩဂုတ်လ (၃၁) ရက်နေ့ အတွင်း မွေးဖွားသော မိန်းကလေးငယ်ကျောင်းသူများအား သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ကို ထိုးနှံပေးလျက်ရှိရာ ကျန်းမာရေးဆရာမများနှင့်အတူ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းဆရာမများ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပလောက်)