ကျွန်းလှ၌ စာဖတ်ဝိုင်းကျင်းပ

ကျွန်းလှ စက်တင်ဘာ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ကျောင်းသား၊ ကျောင်းသူများပူးပေါင်းပြီး ယနေ့နံနက် ၁၀ နာရီက စွန့်စားမှုဆီသို့ ခြေတစ်လှမ်းခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဖိုးချိုက စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများအကြောင်းနှင့် စာဖတ်ဝိုင်းကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် စာဖတ်ဝိုင်းတွင် Book Club အသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက စာရေးဆရာခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းခေါင်းစဉ်အား ဖတ်ကြားဆွေးနွေးကြရာ တက်ရောက်လာကြသူများ၏ မေးမြန်းခြင်းကို ပြန်လည်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ