သတင်းများ

ချမ်းမြသာစည်မြို့နယ် အမှတ်(၂)မူလွန်ကျောင်းတွင် နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်
Sep 22,2023
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ယနေ့နံနက် ၉နာရီက အမှတ်(၂) အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ သွားရောက်ကွင်းဆင်းပြီး နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် စကားအင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌  လူယ်စကားဝိုင်းကျင်းပ
Sep 22,2023
နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များ အနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်စကားဝိုင်ကို ယမန်နေ့ မွန်းလွဲ(၂)နာရီက တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၊ စကားအင်းကျေးရွာတွင် ကျင်းပကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတက်ရောက်
Sep 22,2023
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် ၂၅ နှစ်အောက် အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစား ကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲအခမ်းအနား သို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ အသင်းအုပ်ချုပ်သူများနှင့် ပြိုင်ပွဲဝင် အားကစားသမား များ တက်ရောက်ကြသည်။
စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကျင်းပ
Sep 22,2023
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၂-၂၀၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်း ရွှေရတုခန်းမတွင် ကျင်းပခဲ့သည်။
မြဝတီမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားပင်စင်လစာငွေများ ဆက်လက်ထုတ်ပေး
Sep 22,2023
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများကို စက်တင်ဘာ ၂၁ ရက်မှ စတင်ထုတ်ပေးခဲ့ရာ ယနေ့နံနက်ပိုင်းတွင်လည်း ဆက်လက်   ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကွန်ပျုတာ အခြေခံသင်တန်း (၁/၂၀၂၃) ဆင်းပွဲအခမ်း အနားကျင်းပ
Sep 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာတွင် တိုင်းဒေသကြီး အစိုးရ၏ ခွင့်ပြုငွေဖြင့် ကွန်ပျုတာအခြေခံတန်း (၁/၂၀၂၃) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပခဲ့ သည်။
ပေါက်မြို့နယ်၌ အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်
Sep 22,2023
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေပေါက်ပင်ခန်းမတွင် မြို့နယ်အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးအဖွဲ့(CPU)မှ အဂတိလိုက်စားမှုတားဆီးကာကွယ်
မလှိုင်မြို့နယ် ပြန်/ဆက်ရုံး၌ နံ့သာပန်းခင်း  စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ
Sep 22,2023
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက နံ့သာပန်းခင်း စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။