သရက်ချောင်း စက်တင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ သက်ပြည့်ပင်စင်နှင့် လုပ်သက်ပြည့် ပင်စင်လစာငွေများအား လစဥ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီခွဲ အချိန်မှစ၍ သရက်ချောင်းမြို့၊ မြန်မာ့စီးပွားရေးဘဏ်၌ ပင်စင်လစာငွေများအား ထုတ်ပေးလျက်ရှိသည်။
မြို့နယ်အတွင်းရှိ အငြိမ်းဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်းကြောင်းကြောင့် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်း မရှိသူများအနေဖြင့် ၎င်း၏ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူနိုင်ကြောင်း၊ သရက်ချောင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လစဉ် ပင်စင်လစာငွေများ ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားလူဦးရေ စုစုပေါင်း (၆၈၁) ဦး ရှိကြောင်း၊ ပင်စင်လစာငွေများ လာရောက်ထုတ်သူများအား မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများက အဆင်ပြေချောမွေ့စွာ ထုထ်ယူနိုင်ရေး ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သရက်ချောင်းမြို့နယ်၊ မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်စန်းစန်းသက်ထံမှ သိရသည်။
ပြည့်ဖြိုးပိုင် (သရက်ချောင်း)