ရပ်စောက် စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ လှူဒါန်းသည့် ကျောင်းသုံးဗလာစာအုပ်များ ထပ်ဆင့်လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၉ နာရီက ရပ်စောက်မြို့ပေါ်ရှိ အမှတ်(၆)၊ အမှတ်(၇)နှင့် ဟိုပင်အခြေခံမူလတန်းကျောင်းများသို့ သွားရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေးအပ်ရာတွင် ရပ်စောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းတင်တင်စိုးက အဖွင့်အမှာစကားနှင့် စာအုပ်လှူဒါန်းရခြင်းအား ရှင်းလင်းပြောကြားပြီးနောက် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက တစ်ကျောင်းလျှင် ကျောင်းသုံးဗလာစာအုပ် (၁၀)ဒါဇင်ဖြင့် ဒါဇင်(၃၀)ကိုလည်းကောင်း၊ ပေးအပ်လှူဒါန်းရာ ကျောင်းအုပ်ဆရာမကြီးနှင့် ကျောင်းသားကျောင်းသူများက လက်ခံရယူခဲ့ကြသည်။
ရှမ်းပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ရပ်စောက်မြို့နယ် အတွက် ကျောင်းသုံးဗလာစာအုပ် (၄၅)ဒါဇင် လှူဒါန်းခြင်းဖြစ်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းသားသမီးများအတွက် (၁၅)ဒါဇင် နှင့် အခြေခံပညာမူလတန်းကျောင်း(၃)ကျောင်း အတွက် (၃၀)ဒါဇင်ကို ထပ်ဆင့်လှူဒါန်းပေးခြင်း ဖြစ်ကြောင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌထံမှ သိရှိရသည်။
ဆုမွန်