သတင်းများ

ရပ်စောက်မြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံပေး
Sep 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ကျန်းမာရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ကို စက်တင်ဘာ ၁၈ ရက်မှ စတင်ထိုးနှံပေးလျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက အ-မ-က(၆)၊ အ-မ-က(၇)၊ အ-မ-က (ဟိုပင်)ကျောင်းများ၌ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သနပ်ပင်မြို့နယ် လူထုအခြေပြုဗဟို‌ဌာန Community Centre ခန်းမတွင် စာဖတ်ဝိုင်းကျင်းပ
Sep 22,2023
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် (Woman Club)၊ (Book Club) အဖွဲ့များပူးပေါင်း၍ စာရေးဆရာဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း” စာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက မြို့နယ်လူအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စုတွင် စားအုန်းဆီ တစ်ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့် ဆက်လက်ရောင်းချပေး
Sep 22,2023
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ဦးဆောင်မှုဖြင့် ဒေသခံပြည်သူများ စားသုံးမှုအဆင်ပြေစေရေးအတွက် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ (၁)ပိဿာလျှင် ငွေကျပ် ၅၀၀၀ နှုန်းဖြင့်  ကျေးရွာများအရောက် ကွင်းဆင်း၍ ရောင်းချပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၁ နာရီက ငဖဲမြို့နယ် ဆင်ချည်တိုင်ကျေးရွာအုပ်စု ငလှိုင်တောကျေးရွာ ရွာလယ်ဓမ္မာရုံရှေ့တွင်  ကွင်းဆင်းရောင်းချပေးခဲ့ကြောင်း သိရသည်။
ဗန်းမော်မြို့တွင် မူကြိုကျောင်းများ၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်
Sep 22,2023
ကချင်ပြည်နယ် ဗန်းမော်ခရိုင် ဗန်းမော်မြို့တွင် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ဗန်းမော်ခရိုင်အတွင်းရှိ လူမှုဝန်ထမ်းဦးစီးဌာနမှ အသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း(၁၂)ကျောင်း၊ ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာများအား ထောက်ပံ့ငွေပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံး ခန်းမတွင် ကျင်းပခဲ့သည်။
မိုင်းဖြတ်မြို့နယ်၌ နမ့်ဖတ်ချောင်း သဲနုန်းတူးဖော်ပြုပြင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Sep 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီအောင်သည် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင်များနှင့်အတူ စက်တင်ဘာလ ၂၀ ရက်နေ့နံနက်ပိုင်းက ဝမ်လုံးကျေးရွာအုပ်စု၊ ပါညုကျေးရွာအနီးရှိ နမ့်ဖတ်ချောင်း သဲနှုန်းတူးဖော်ပြုပြင်ခြင်း လုပ်ငန်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ အခြေခံစက်ချုပ်နည်းပညာ သင်တန်းဆင်းပွဲ ကျင်းပ
Sep 22,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစား ကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းပါ ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်ရေးအတွက် အခြေခံစက်ချုပ်နည်းပညာသင်တန်း ဆင်းပွဲကို  စက်တင်ဘာ၂၀ရက်နေ့နံနက် ၁၀ နာရီအချိန်က ကျောက်တန်းခေတ်မီစံပြကျေးရွာ ရှိ ဘုန်းတော်ကြီးကျောင်းတွင်  ပြုလုပ်ခဲ့သည်။
မိုင်းဖြတ်မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းပြုလုပ်
Sep 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club)နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ ပူးပေါင်းကျင်းပသည့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွတ်ခိုင်မြို့တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် MCCT ထောက်ပံ့ငွေများ ပေးအပ်
Sep 22,2023
လူမှုဝန်ထမ်းဦးစီးဌာနမှ ခရိုင်/မြို့နယ်များအတွင်း MCCT အကျိုးခံစားခွင့်ရရှိသူများကို သက်ဆိုင်ရာ ပြည်သူ့ဝန်ဆောင်မှုရုံးမှတစ်ဆင့် တာဝန်ယူထုတ်ပေးလျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၌ MCCT အကျိုးခံစားခွင့်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို စက်တင်ဘာလ ၂၀ ရက်နေ့က ကွတ်ခိုင်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပေးအပ်ခဲ့သည်။