(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူခရိုင် ရဲတပ်ဖွဲ့ဝင်များ စုပေါင်းသွေးလှူဒါန်း

တောင်ငူ စက်တင်ဘာ ၂၁

(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့ဝင်များသည် ယနေ့နံနက် (၉) နာရီအချိန်က တောင်ငူခရိုင် အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာသို့ တောင်ငူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်၊ တောင်ငူခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ကျော်ဆွေဦးနှင့် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးများက တောင်ငူခရိုင်အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသွေးလှူဒါန်းကြသည့် ခရိုင်နှင့် မြို့နယ်များမှ ရဲတပ်ဖွဲ့ဝင် (၃၇) ဦးအား လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်က အလှူငွေ (၁) သိန်းကျပ်နှင့် တောင်ငူခရိုင်ရဲတပ်ဖွဲ့မှ ငွေကျပ် (၂) သိန်းခန့်တန်ဘိုးရှိ အချိုရည်၊ ကြက်ဥနှင့် အာဟာရဖြည့်စွက်စာများအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)