ဖြူးမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး

ဖြူး စက်တင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ခုတင် (၁၀၀) ဆံ့ဆေးရုံတွင် ယနေ့နံနက်ပိုင်းကစတင်ကာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု အမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုမှာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာလာထုတ်ချိန်၌ လစဉ်ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ရာ ယခင်လာရောက်ပြသနေကျ အမျိုးသား/အမျိုးသမီးလူနာဟောင်း (၄၁၅)ဦး၊ လူနာသစ် (၂၈) ဦး၊ စုစုပေါင်း (၄၄၃) ဦး ကျန်းမာရေးစောင့်ရှောက်ပေးနိုင်ခဲ့ပြီး အဓိကကျန်းမာရေးစောင့်ရှောက်ပေးရသည့် ရောဂါများမှာ ဆီးချို၊ သွေးတိုး၊ အဆုတ်ရောင်၊ အာရုံကြောအားနည်း၊ မျက်စိအားနည်းရောဂါများဖြစ်ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)