ကျုံပျော်တွင် ဝက်မွေးမြူသူများထံသို့ တိရစ္ဆာန် အစာအိတ်များ  ဖြန့်ဖြူးပေးအပ်

ကျုံပျော် စက်တင်ဘာ ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် သာမန်အသုံးစရိတ် ရန်ပုံငွေဖြင့် ဝယ်ယူသည့် တိရစ္ဆာန်အစာအိတ်များအား ကျုံပျော်မြို့နယ် အတွင်းရှိ ဝက်မွေးမြူသူများထံသို့  ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ယနေ့နံနက် ၉ နာရီခွဲ အချိန်က ပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာထွန်းမင်းက တိရစ္ဆာန် အစာအိတ်များ ဖြန့်ဖြူး ပေးအပ်ခြင်းနှင့် မွေးမြူရေး လုပ်ငန်းများ အောင်မြင်စွာ ဆက်လက်ဆောင်ရွက်သွားနိုင်ရေး လုပ်ငန်း ကိစ္စရပ်များနှင့် ပတ်သက်၍ အမှာစကား ပြောကြားသည်။

ထို့နောက် မြို့နယ် ခေတ္တရဲတပ်ဖွဲ့မှူး ရဲမှူး တင်လှိုင်၊ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းမင်းနိုင်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက ဝက်စာ ၅ ကီလိုဂရမ်အိတ် (၁၀၀)အား ဝက်မွေးမြူသူများထံသို့ ဖြန့်ဖြူးပေးအပ်ရာ၊ မြို့နယ်မွေးမြူ‌ရေးလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဦးကိုကိုနိုင်က ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)