သတင်းများ

မြို့သစ်မြို့ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေး
Sep 22,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့၌ စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ဈေးကွက်အတွင်းရှိ ကလေးအာဟာရဖြည့်စွက်စာအမျိုးမျိုး ရောင်းချနေမှုအား ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က မြို့မဈေးအတွင်းနှင့် စျေးအပြင်တန်း ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ အဆိုပါစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဆယ်မောင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်တာဝန်ရှိသူမျ
ဟင်္သာတမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile စနစ်ဖြင့် စာအုပ်စာစာင်များ သွားရောက်ငှားရမ်းပေး
Sep 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာဖတ်သော အလေ့အကျင့်များ ရရှိစေရန်နှင့် စာအုပ်စာပေ များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် ဝန်ထမ်းများက မိမိတို့ရုံးစာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ပြည်သူများ၊ ဝန်ထမ်းများ စာအုပ်စာစောင်များ အဆင်ပြေ ပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့ အတွက် ယနေ့ နံနက် ၁၀ နာရီက သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့ကြသည်။
သိန္နီမြို့နယ် ပန်လော့ကျေးရွာတွင် ပထမအကြိမ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်း ဆောက်ရွက်မှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်
Sep 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ပန်လော့ကျေးရွာတွင် ပထမအကြိမ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး
Sep 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အင်္ဂပူမြို့နယ်တွင်စားသုံးဆီတစ်ပိဿာ ၄၉၀၀ ကျပ်နှုန်းဖြင့် ဆီ(၅၅၀)ပိဿာရောင်းချပေး
Sep 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၌ ဝန်ထမ်းများနှင့် ပြည်သူများအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းက မြို့နယ်အ‌ထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့ပေါ်အမှတ်(၁)၊ (၂)၊ (၃) ရပ်ကွက်များတွင် ရောင်းချပေးခဲ့သည်။
မြို့သစ်မြို့နယ် ပုလင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်
Sep 22,2023
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ငါးရိက္ခာဖူလုံမှုရှိစေ‌ရေး၊ ငါးသယံဇာတပေါများကြွယ်ဝစေရေး ဆည်မြောင်း၊ အင်းအိုင်များအတွင်း ငါးထုတ်လုပ်မှုတိုးတက်စေရေးကို ရည်ရွယ်ကာ ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့သစ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပုလင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
ခန္တီးမြို့နယ်၌ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်
Sep 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အထွေအထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ ညိှနှိုင်းအစည်း‌ဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အကြို စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ
Sep 22,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီအချိန် ​ရွှေရတုခန်းမ၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။