သိန္နီ စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင် သိန္နီမြို့နယ် ပန်လော့ကျေးရွာတွင် ပထမအကြိမ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဝက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်းများကို ယမန်နေ့ နေ့လည်ပိုင်းအချိန်က ဆောင်ရွက်ခဲ့သည်။
အဆိုပါ ဝက်မွေးမြူရေး လုပ်ငန်းသည် ပန်လော့ကျေးရွာအုပ်စု ပန်လော့ကျေးရွာတွင် ဦးဟန်ညွှန့်ပါ (၃)ဦးသည် ပထမအကြိမ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ငွေကျပ်သန်း(၁၅.၀၀)ဖြင့် လုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်သည်။ ထိုသို့ ကွင်းဆင်း ဆောင်ရွက်ရာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ စီမံကိန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းထွန်းနှင့် ကော်မတီအဖွဲ့ဝင်များက ဝက်မွေးမြူရေးလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ချေးငွေရယူထားသည့် လုပ်ငန်းရှင်များအနေဖြင့် အတိုးငွေပေးသွင်းရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပေးသွင်းနိုင်စေရေးအတွက် ကြီးကြပ်ဆောင်ရွက်ခဲ့ပြီးလိုအပ်သည်များ ပေါင်းစပ်ညှိနိူင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)