ရွှေဘို စက်တင်ဘာလ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉)နာရီအချိန် ရွှေရတုခန်းမ၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား "မွန်မြတ်လှပဆရာ့ဘဝ" စာစီစာကုံးခေါင်းစဥ်ဖြင့် လည်းကောင်း၊ "လမ်းပြကြယ်ပမာ မြတ်ဆရာ" ကဗျာခေါင်းစဉ်ဖြင့် လည်ကောင်းကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်တို့မှ စာစီစာကုံး ဝင်ရောက်ယှဉ်ပြိုင်ဖြေဆိုသူ (၃၀)ဦးနှင့် ကဗျာပြိုင်ပွဲတွင် (၃၀)ဦး ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်