ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ ပင်စင်လစာငွေများထုတ်ပေး

ကန်ကြီးထောင့်  စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီး‌ထောင့်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်အတွင်း နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယမန်နေ့ နံနက်က စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယခုလ (၂၁)ရက်နေ့ နံနက်ပိုင်း မှ စတင်၍ ထုတ်ပေးလျက်ရှိပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစား စုစုပေါင်း (၉၄၅)ဦးရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေးဘဏ်မှ သိရသည်။

“ကန်ကြီး‌ထောင့်မြို့နယ်မှာ အငြိမ်းစားဝန်ထမ်းပေါင်း (၉၄၅)ဦးရှိပါတယ်။ ပင်စင်လစာငွေများကို ဒီလမှာတော့ (၂၁)ရက်နေ့ကနေ လကုန်ရက်ထိ ရုံးဖွင့်ရက်များမှာ ဆက်လက်ထုတ်ပေးသွားမှာပါ။ ယနေ့အထိ အငြိမ်းစာဝန်ထမ်း (၄၆၂)ဦးကျော်လောက် ပင်စင်လစာထုတ်ပေးပြီးပါပြီလို့ ကန်ကြီးထောင့်မြို့နယ် မြန်မာ့စီးပွားရေး ဘဏ်မန်နေဂျာ ဦးအောင်မြင့်‌ဌေး ပြောကြားချက်အရ သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)