မြို့သစ် စက်တင်ဘာ ၂၂
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ငါးရိက္ခာဖူလုံမှုရှိစေရေး၊ ငါးသယံဇာတပေါများကြွယ်ဝစေရေး ဆည်မြောင်း၊ အင်းအိုင်များအတွင်း ငါးထုတ်လုပ်မှုတိုးတက်စေရေးကို ရည်ရွယ်ကာ ယနေ့နံနက်(၉)နာရီခွဲအချိန်က မြို့သစ်မြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ပုလင်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့သစ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌဦးကျော်ဝင်းထက်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန အပါအဝင် မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များတက်ရောက်ကြပြီး တက်ရောက်သူများအားလုံးစုပေါင်း၍ မြို့သစ်မြို့၊ ပုလင်းကျေးရွာအနီးရှိပုလင်းချောင်း၊ ချောင်းကူးရေကျော်မှပုလင်းချောင်းအတွင်းသို့ (၂)လက်မအရွယ်ငါးမြစ်ချင်းအကောင်ရေ(၆၀၀၀၀)၊ (၂)လက်မအရွယ်ထိုင်းငါးခုံးမကြီးအကောင်ရေ(၂၅၀၀၀)၊ စုစုပေါင်း အကောင်ရေ(၈၅၀၀၀)အား ငါးမျိုးစိုက်ထည့်ခဲ့ကြသည်။
သန်းဝင်းထွန်း ( ပြန် / ဆက်)