ဟင်္သာတမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာရေးအတွက် Mobile စနစ်ဖြင့် စာအုပ်စာစာင်များ သွားရောက်ငှားရမ်းပေး

ဟင်္သာတ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင်၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်သူများ စာဖတ်သော အလေ့အကျင့်များ ရရှိစေရန်နှင့် စာအုပ်စာပေ များ အလွယ်တကူ ဖတ်ရှုလေ့လာနိုင်စေရန် ရည်ရွယ်၍ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် ဝန်ထမ်းများက မိမိတို့ရုံးစာကြည့်တိုက်သို့ မအားလပ်၍ မလာရောက်နိုင်သော ပြည်သူများ၊ ဝန်ထမ်းများ စာအုပ်စာစောင်များ အဆင်ပြေပြေ ငှားရမ်းဖတ်ရှုနိုင်ရေး၊ စာဖတ်ရှိန်ပိုမို မြင့်မားလာစေရေးတို့ အတွက် ယနေ့ နံနက် ၁၀ နာရီက သုတ၊ ရသ စာအုပ်စာစောင်မျိုးစုံ ယူဆောင်၍ မိုဘိုင်းစနစ်ဖြင့် သွားရောက်ငှားရမ်းပေးခဲ့ကြသည်။

အဆိုပါ စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခဲ့ရာတွင် ဟင်္သာတမြို့ ခရိုင်သစ်တောဦးစီး ဌာနနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနများတွင် ငှားရမ်းစာအုပ် များအနဖြင့် ဝတ္ထု၊ မဂ္ဂဇင်းနှင့် အသိ ပညာ ဗဟုသုတများစွာ ရရှိမည့် သုတ/ရသစာအုပ် စာစောင်များ စုံလင်စွာ ငှားရမ်းပေးခဲ့ကြပြီး ဌာနဆိုင်ရာဝန်ထမ်းများမှ စာကြည့်တိုက် အသင်းဝင်ခြင်း၊ စနစ်တကျစာငှားခြင်းလုပ်ငန်းများ အား ပူး‌ပေါင်းပါဝင်ဆာင်ရွက်ကာ စာအုပ်များ ငှားရမ်းဖတ်ရှုခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်