ခန္တီးမြို့နယ်၌ အမျိုးသမီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းအစည်းအဝေး ပြုလုပ်

ခန္တီး စက်တင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၊ အထွေအထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ အမျိုးသမီး ကော်မတီအဖွဲ့ဝင်များ ညိှနှိုင်းအစည်း‌ဝေးကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဉီးစွာ ခန္တီးခရိုင်အမျိုးသမီးကော်မတီဉက္ကဋ္ဌ ဉီးအောင်စိုးမိုးက အဖွင့်အမှာစကား ပြောကြားပြီး အမျိူးသမီးဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆောင်ရွက်စေရန်၊ အမျိုးသမီး အခွင့်အရေးများကို အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပေါ်ပေါက်လာပါက ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ တိုင်း/ပြည်နယ် အဆင့်၊ ခရိုင်/မြို့နယ်အဆင့် အမျိုးသမီးကော်မတီများ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့နောက် ခန္တီးခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်မူမူထွန်းက ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော ခရိုင်/မြို့နယ် အမျိုးသမီးကော်မတီ အဖွဲ့ဝင်များကလည်း ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)