သတင်းများ

ကရသူရိမြို့၌ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်
Sep 23,2023
တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊    ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်/စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းကို စက်တင်ဘာ ၂၁ရက်နေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကော့သောင်းမြို့တွင် “အမွေခံတစ်ယောက်အ‌မွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊‌ ကော့သောင်းမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စက်တင်ဘာလ ၂၁ ရက်နေ့ နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင် (ဓနုဖြူ)ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့သည်။
ကရင်ပြည်နယ်သို့ လာရောက်လေ့လာလည်ပတ်ပြီး ထပ်မံလာရောက်လည်ပတ်ချင်စိတ်ရှိအောင် ခရီးစဉ်ဒေသများကိုပြင်ဆင်ထား
Sep 23,2023
ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကရင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်း ကော်မတီ၏ (၉/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကို စက်တင်ဘာလ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)၌ ကျင်းပသည်။
မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်
Sep 23,2023
ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club)၊ Women Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။
ပြင်ဦးလွင်မြို့၌ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများအတွက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ 
Sep 23,2023
အရည်အသွေးပြည့်ဝကောင်းမွန်သော ထောပတ်သီးများ ရွေးချယ်ဝယ်ယူစားသုံးနိုင်ကြရေး ရည်ရွယ်၍ မြန်မာနိုင်ငံ ထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (ပြင်ဦးလွင်) Myanmar Avocado Producer And Exporter Association (MAVO) ၏ စီစဉ်မှုဖြင့် ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သူ၊ ရောင်းချသူ၊ စားသုံးသူများအတွက် အသိပညာပေးလက်ကမ်းစာစောင်ကို MAVO အသင်းသူ/အသင်းသားများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ နှင့် တာဝန်ရှိသူများစုပေါင်း၍ ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင်မြို့  ဈေးလေးမီးပွိုင့်လမ်းဆုံ၊ လူစည်ကားရာနေရာများတွင် အများပြည်သူများအား လက်ဝယ်အရောက် အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဆီဆိုင်မြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းနှင့် ရန်ပုံငွေထုတ်ချေးပေး
Sep 23,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် ရန်ပုံငွေထုတ်ချေးပေးခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ပင်စုံကျေးရွာအုပ်စု၊ နန်းဩကျေးရွာခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
မအီမြို့၌ သွေးလွန်တုပ်ကွေးရောဂါ အသိပညာပေးခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်
Sep 23,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု မရှိစေရေးအတွက် မအီမြို့၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ စီစဉ်ဆောင်ရွက်ပြီး ကျေးလက်ကျန်းမာရေးဌာနဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မအီနယ်မြေမီးသတ်စခန်းမှ ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများပူးပေါင်း၍ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မအီမြို့၊ အမှတ်(၁)ရပ်ကွက်အတွင်း၌ အိမ်ထောင်စုများသို့ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်းသိရသည်။
နတ်မောက်မြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်
Sep 23,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နတ်မောက်မြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့မကွက်သစ်ရပ်ကွက် ဘုရားလေးဆူ တန်းဆောင်းအတွင်း ပြုလုပ်ခဲ့သည်။