အင်္ဂပူမြို့နယ်တွင်စားသုံးဆီတစ်ပိဿာ ၄၉၀၀ ကျပ်နှုန်းဖြင့် ဆီ(၅၅၀)ပိဿာရောင်းချပေး

အင်္ဂပူ စက်တင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့၌ ဝန်ထမ်းများနှင့် ပြည်သူများအား စားသုံးမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ယနေ့ နံနက်ပိုင်းက မြို့နယ်အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့ပေါ်အမှတ်(၁)၊ (၂)၊ (၃) ရပ်ကွက်များတွင် ရောင်းချပေးခဲ့သည်။

အဆိုပါ စားသုံးဆီရောင်းချမှုကို မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီ အစဉ်ဖြင့် မြန်အောင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းနှင့် မြို့နယ်စားသုံးသူ‌ ရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး ဝန်ထမ်းများနှင့် အခြေခံလူတန်းစား ပြည်သူများအတွက် စားသောက်ကုန်ပစ္စည်များကို ဈေးနှုန်း သက်သာစွာ ဝယ်ယူစားသောက်နိုင်ရေးအတွက် စားအုန်းဆီ ရည်ညွှန်းစျေးတစ်ပိဿာလျှင် (၄၉၀၀) ကျပ်နှုန်းဖြင့် လူတစ်ဦးလျှင် ငါးဆယ်ကျပ်သားနှုန်းဖြင့် စုစုပေါင်းပိဿာချိန် (၅၅၀)ကို ရောင်းချပေးခဲ့‌ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)