မြောက်ဥက္ကလာပမြို့နယ်တွင် စာဖတ်ဝိုင်းဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၂၃

ယနေ့ခေတ် လူငယ်လူရွယ်များ စာဖတ်ရှိန်မြင့်မားစေရန်နှင့် စာပေဗဟုသုတကြွယ်ဝစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက စာပေချစ်မြတ်နိုးသူများအသင်း (Book Club) Women Club နှင့် Youth Club အသင်းတို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို အဖွင့်အမှာစကားပြောကြားခဲ့ပြီး BOOK Club အသင်းဥက္ကဋ္ဌ ဆရာဦးသိန်းဝင်းဇော်က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ထဲမှ လူငယ်တွေအတွက် လူကြီးတွေပြင်ဆင် သင့်တဲ့အရာများ၊ လူငယ်များ တကယ်ပညာတတ်သော ပညာတတ်များ ဖြစ်လာရေး လူကြီးများ ပြင်ဆင်ပေးရန် လိုအပ်သည့်အရာများကို အကျယ်တဝင့် ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ Book Club အဖွဲ့ဝင် ဒေါ်သူဇာက “ဂုဏ်ယူစရာကြိုးစားစရာ အကြောင်းနှင့် Youth Club အဖွဲ့ဝင် မမေမြတ်ဇွန်က  “စာမေးပွဲခန်းထဲကအမဲစက်များ” ၊ Women Club အဖွဲ့ဝင်ဒေါ်ခင်မူယာသော်က စိန်ခေါ်ကြစေချင်ပါသည်စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်ပြန်/ဆက်မှ ပြသထားသည့် အမျိုးသမီးများ အကြမ်းဖက်မှုနှင့် မူခင်းကာကွယ်ရေးအတွက် သိထားသင့်သည့် အချက်များ၊ လူကုန်ကူးမှု အသိပညာပေးစသည့် ဗီနိုင်းကို ပြသခဲ့ရာ တက်ရောက်လာသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မြမြဝင်း(ပြန်/ဆက်)