ကရသူရိမြို့၌ “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ကရသူရိ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊   ဘုတ်ပြင်းခရိုင်၊    ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ စာအုပ်/စာပေများဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိရေး စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားထားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးခြင်းကို စက်တင်ဘာ ၂၁ရက်နေ့ နံနက် ၁၀နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့ဦးစီးမှူး ‌ဒေါ်အေးအေးသန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကိုပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင် မောင်သူဇင်က အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်မှ “အစွမ်းထက်သော  သွက်လက်သော ထက်မြက်သော” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်ပြည့်ဖြိုးကျော် က “ပညာတတ်ဖို့ စာဖတ်ရမည်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးကြသည်။

အဆိုပါ စာအုပ်သည် လူငယ်နှင့်ပညာရေးဆိုင်ရာ စာစုများဖြစ်သည့်အတွက် လူငယ်များ တိုးတက်အောင်မြင်ရေး၊ ထူးချွန်ထက်မြက်ရေးနှင့် လူတော်/ လူကောင်းများပေါ်ထွန်းစေရေး ပညာပေး ရေးသားထားသည့် စာအုပ်တစ်အုပ်ဖြစ်ကြောင်း သိရသည်။

ကရသူရိ(ပြန်/ဆက်)