နတ်မောက်မြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်း လုပ်ငန်းများဆောင်ရွက်

နတ်မောက် စက်တင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နတ်မောက်မြို့နယ်အတွင်း  ဇီဝဆိုင်ရာအချက်အလက် ကောက်ယူစိစစ်ခြင်း လုပ်ငန်းများကို ယမန်နေ့က မြို့မကွက်သစ်ရပ်ကွက် ဘုရားလေးဆူ တန်းဆောင်းအတွင်း ပြုလုပ်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနက နတ်မောက်မြို့နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ရှိသူများအား Unique iD နံပါတ်ကတ်ဂဏန်း (၁၀) လုံးပါ အချက်အလက်များ ဆောင်ရွက်ခြင်းတွင် မျက်လုံးသူငယ်အိမ် Screen ဖတ်ယူခြင်း၊ ဘယ်/ညာလက်ချောင်းများအား  Screen ဖတ်ယူခြင်းနှင့် ဓာတ်ပုံရိုက်ယူခြင်း လုပ်ငန်းများပြုလုပ်ပြီး Unique iD နံပါတ်ကတ်ဂဏန်း(၁၀)လုံး စာရွက်အား နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ Unique iD နံပါတ်ကတ်များဆောင်ရွက်ရာတွင် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၊ ကျောင်းသား/သူများ၊ စက်ရုံ၊ အလုပ်ရုံများ၊ အကျဉ်းထောင်များနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများတွင် ဆောင်ရွက်ပေးလျက်ရှိပြီး နတ်မောက်မြို့နယ်အတွင်း ဇီဝဆိုင်ရာအချက်အလက်ကောက်ယူခြင်းကို  ၂၀၂၃ ခုနှစ် ဇွန်လ(၂၃)ရက်နေ့မှ စတင်ကောက်ယူ လျက်ရှိရာ ယနေ့အထိ ( ၈၈၂၃) ဦးအထိ ကောက်ယူစိစစ်ပေးလျက်ရှိကြောင်း သိရသည်။

လှဝင်း