သတင်းများ

ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်းကျင်းပ
Sep 23,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေ ပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ သတိုးနွယ် ရေးသားသည့် အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်  စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား  ကြည့်ရှု အားပေး
Sep 23,2023
၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့  နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကလေးဆေးရုံ ပုရိဝုဏ်အတွင်း ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရူအားပေးခဲ့သည်။
(အင်းစိန်၊ မှော်ဘီ၊ လှည်းကူး)ခရိုင် ရဲတပ်ဖွဲ့ဝင် (၄၃) ဦးတို့မှ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုစုပေါင်း သွေးလှူဒါန်းပွဲကျင်းပ
Sep 23,2023
(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (အင်းစိန်၊ မှော်ဘီ၊ လှည်းကူး)ခရိုင် ရဲတပ်ဖွဲ့ဝင် (၄၃) ဦးတို့မှ သွေးလှူဒါန်းပွဲကို ယနေ့နံနက်(၇)နာရီက မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး( ခုတင်-၅၀၀)တွင် လှူဒါန်းသည်။ လှူဒါန်းရာတွင် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၈) ဦး၊ မှော်ဘီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၄) ဦးနှင့် လှည်းကူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၁) ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် (၄၃) ဦးတို့က လှူဒါန်းသည်။
ခမောက်ကြီးမြို့တွင် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်
Sep 23,2023
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူ (BookClcb) အဖွဲ့တို့ ပူးပေါင်း၍ ယမန်နေ့မွန်းလွဲပိုင်းက စာရေးဆရာမောင်ခင်မင်(ဓနုဖြူ)ရေးသားထားသည့် “အမွေခံတစ်ယောက်အမွေပေးသူတစ်ရာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ နောက်ဆုံးနေ့ယှဉ်ပြိုင်မှု ကြည့်ရှုအားပေး
Sep 23,2023
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီး ဝန်ကြီးများသည် ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့မရမ်းကုန်းမြို့နယ် MCC ခန်းမ၌ ကျင်းပလျက်ရှိသည့် ၂၀၂၃ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ နောက်ဆုံးနေ့ ယှဉ်ပြိုင်နေမှုကိုကြည့်ရှု အားပေးသည်။
သာစည်မြို့နယ်တွင် စားသုံးဆီများ ဈေးနှုန်းသက်သာစွာဖြင့် ကျေးရွာများအထိ ဆက်လက်ရောင်းချပေးလျက်ရှိ
Sep 23,2023
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် မိတ္ထီလာဆီကုန်သည်ကြီးများအသင်းတို့နှင့် ချိတ်ဆက်ကာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိရာ ယမန်နေ့က ဆီပိဿာချိန် ၃၉၆၀ကို ကျေးရွာကိုးရွာနှင့် မြို့ပေါ်ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် အတွင်းအပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး
Sep 23,2023
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီး အတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေး ဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံအတွင်း၊ အပြင် ပတ်ဝန်းကျင်သန်ရှင်းသာယာရေး၊ သစ်ပင်များအား အလင်းဖွင့်ခြင်း၊ အဆောက်အဦ အမိုးအပေါ်တွင် ကျရောက်နေသည့် သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို မှာကြားသည်။
လွိုင်လင်မြို့ပေါ်ရှိ ရပ်ကွက်များတွင် ဇီဝဆိုင်ရာအချက်အလက်များကောက်ယူ
Sep 23,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လွိုင်လင်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်‌‌ရေးမှူးရုံးတွင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။