(အင်းစိန်၊ မှော်ဘီ၊ လှည်းကူး)ခရိုင် ရဲတပ်ဖွဲ့ဝင် (၄၃) ဦးတို့မှ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ် ဂုဏ်ပြုစုပေါင်း သွေးလှူဒါန်းပွဲကျင်းပ

ရန်ကုန် စက်တင်ဘာ ၂၃

(၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (အင်းစိန်၊ မှော်ဘီ၊ လှည်းကူး)ခရိုင် ရဲတပ်ဖွဲ့ဝင် (၄၃) ဦးတို့မှ သွေးလှူဒါန်းပွဲကို ယနေ့နံနက်(၇)နာရီက မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး( ခုတင်-၅၀၀)တွင် လှူဒါန်းသည်။ လှူဒါန်းရာတွင် အင်းစိန်ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၈) ဦး၊ မှော်ဘီခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၄) ဦးနှင့် လှည်းကူးခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် (၁၁) ဦး စုစုပေါင်း ရဲတပ်ဖွဲ့ဝင် (၄၃) ဦးတို့က လှူဒါန်းသည်။

အဆိုပါ စုပေါင်း သွေးလှူဒါန်းပွဲသို့ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော် အရိုးရောဂါ အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) တပ်မှူး ဗိုလ်မှူးချုပ် ကျော်ဇင်ညွန့်နှင့် တပ်ဖွဲ့ဝင်များ၊ အင်းစိန်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ငြိမ်းချမ်းအောင်၊ မှော်ဘီခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ငွေတင်နှင့်တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူဒါန်းသည့် တပ်ဖွဲ့ဝင်များကို အာဟာရ ဖြည့်စွက်စာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို ( ပြန်/ဆက်)