မော်လမြိုင်၊ စက်တင်ဘာ ၂၃
၂၀၂၃ခုနှစ် အောက်တိုဘာလ ၁ ရက် နေ့တွင် ကျရောက်မည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက်ပိုင်းက မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက ကလေးဆေးရုံ ပုရိဝုဏ်အတွင်း ၌ စုပေါင်း သန့်ရှင်းရေး ဆောင်ရွက်နေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကြည့်ရူအားပေးခဲ့သည်။
မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ကလေးဆေးရုံ ပရဝုဏ်အတွင်း ၌ (၅၉)နှစ် မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရဲတပ်ဖွဲ့ဝင် အင်အား (၁၅၀) ဦးဖြင့် သစ်ပင်ခြုံနွယ်များအား ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များရှင်းလင်းခြင်း စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား ကြည့်ရူအားပေးခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)