နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီးတွင် အတွင်းအပြင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေး

နေပြည်တော် စက်တင်ဘာ ၂၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်- ၁၀၀၀) ပြည်သူ့ဆေးရုံကြီး အတွင်း၊ အပြင်တွင်   အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေး ဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ဆေးရုံအတွင်း၊ အပြင် ပတ်ဝန်းကျင်သန်ရှင်းသာယာရေး၊ သစ်ပင်များအား အလင်းဖွင့်ခြင်း၊ အဆောက်အဦ အမိုးအပေါ်တွင် ကျရောက်နေသည့် သစ်ကိုင်းရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်း သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှု အားပေးပြီး လိုအပ်သည်များကို မှာကြားသည်။ 

ယနေ့တွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ မြို့နယ်ရှစ်မြို့နယ်အတွင်းရှိ ပြည်သူ့ဆေးရုံများ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာ​ရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ စုစုပေါင်းလူအင်အား ၂၀၀၀ ကျော်ဖြင့်  ဆေးရုံအတွင်း၊ အပြင် ပတ်ဝန်းကျင် သန်ရှင်သာယာရေး၊ သစ်ပင်မျာအား အလင်းဖွင့်ခြင်း၊ အဆောက်အဦ အမိုးအပေါ်တွင်ကျရောက်နေသည့် သစ်ကိုင်း ရှင်းလင်းခြင်း၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေ ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးများကို တစ်ပြိုင်တည်းဆောင်ရွက်ကြရာ သက်ဆိုင်ရာ မြို့နယ်များအလိုက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ ကြကြောင်းသိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)