လွိုင်လင် စက်တင်ဘာ ၂၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လွိုင်လင်မြို့ပေါ်ရှိ အမှတ်(၁)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်ဆောင်ရွက်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် မြို့နယ်ဥက္ကဋ္ဌ ဦးသိန်းထွဋ်တို့က ကြည့်ရှုအားပေးပြီး လိုအပ်သည်များမှာကြားခဲ့သည်။
လွိုင်လင်မြို့နယ် ဦးစီးမှူးရုံးအနေဖြင့် ဇွန်လ ၁၈ ရက်နေ့မှ စတင်၍ ဝန်ထမ်းများ၊ မှီခိုသူများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ၏ ဇီဝဆိုင်ရာအချက်အလက်များကို စဉ်ဆက်မပြတ် ကောက်ယူလျက်ရှိရာ မူလလျာထားဦးရေမှာ (၁၁၁၃) ဦးဖြစ်ပြီး ယနေ့အထိ ကောက်ယူပြီးစီးမှုမှာ (၇၇၉၈) ဦးဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးမိုးမောင်မောင်ခင်ထံမှ သိရသည်။
ခရိုင်ပြန်/ဆက်