သာစည် စက်တင်ဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်တွင် မြန်မာနိုင်ငံဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့် မိတ္ထီလာဆီကုန်သည်ကြီးများအသင်းတို့နှင့် ချိတ်ဆက်ကာ မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာများ၌ စားသုံးဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေးလျက်ရှိရာ ယမန်နေ့က ဆီပိဿာချိန် ၃၉၆၀ကို ကျေးရွာကိုးရွာနှင့် မြို့ပေါ်ပြည်သူများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချပေးရာတွင် သာစည်မြို့ အမှတ်(၄)ရပ်ကွက် ဦးဘဇံ ရွှေနဂါးပွဲရုံ၊ ဆီစက်နှင့်ဆီရောင်းဝယ်ရေးမှ အုတ်တွင်းကျေးရွာအုပ်စုကျေးရွာ ၇ ရွာတွင် ဆီပိဿာ ၂၂၀၀၊ ရွှေဇီးကွက်နှင့်ရွှေလယုန်ဆီစက်နှင့် ဆီရောင်းဝယ်ရေးတို့မှ မြို့ပေါ်ပြည်သူများအား ဆီပိဿာ ၆၆၀ နှင့် ကွမ်းခြံရိုးကျေးရွာတွင် ဆီပိဿာ ၁၁၀၊ သမင်ဇာကုန်းကျေးရွာတွင် ဆီပိဿာ ၁၁၀၊ ဒေါ်စန်းစန်းဆီစက်နှင့် ဆီရောင်းဝယ်ရေးမှ မြို့ပေါ်ပြည်သူများအား ဆီပိဿာ ၃၃၀နှင့် အမှတ်(၅)ရပ်ကွက် အောင်သုခဆီ အရောင်းဆိုင်မှ မြို့ပေါ်ပြည်သူများအား ဆီပိဿာ ၄၄၀ နှင့် ကွမ်းခြံရိုး ကျေးရွာတွင် ဆီပိဿာ ၁၁၀ တို့ကို သတ်မှတ်ဈေးနှုန်း သတ်မှတ်ချက်များနှင့်အညီ ရောင်းချပေးနေမှုများကို မြို့နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့ဝင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးသက်ချိုဦးက ကျေးရွာများအထိ ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)