ကျောက်ဆည်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်းကျင်းပ

ကျောက်ဆည်   စက်တင်ဘာ  ၂၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့ညနေ(၃)နာရီက စာဖတ်ရှိန်မြင့်မားရေး စာရေးဆရာ သတိုးနွယ် ရေးသားသည့် အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

စာဖတ်ဝိုင်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသား/ကျောင်းသူ စာပေချစ်မြတ်နိုးသူများ စာဖတ်ရှိန် မြင့်မားရေး၊ ဗဟုသုတများပိုမိုတိုးပွားရေး၊  အတွေးအမြင်များဖလှယ်နိုင်ရေး၊ စာကြည်တိုက်နှင့် အကျွမ်းတဝင်ရှိရေး၊ စာဖတ်ရှိန်မြင့်မားရေး၊ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိရေး၊ ချစ်ခင်ရင်းနှီးမှုများ ပိုမိုရရှိရေး စာဖတ်ဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ ဦးကျော်သန်းက အောင်မြင်ချင် သောစိတ်၊ ရည်ရွယ်ချက်ပန်းတိုင်၊ စနစ်တကျပြုလုပ်ပါ၊ စိတ်သဘောထား၊ အရှုံးကိုလက်ခံပါ၊ ဦးတည်ချက် တစ်ခုဘဲထားပါ၊ အမှတ်အတိုင်းမြင်ပါ၊ ပြန်ထပါ၊ အကောင်းဆုံးဖြစ်အောင်လုပ်ပါ၊ အခက်အခဲ့ ကိုရင်ဆိုင်ပါ စသည့်အကြောင်းအရာများအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း အတွင်းရေးမှူး ဒေါ်ခင်ချိုက ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး၊ သူတစ်ပါးကို မထိခိုက်စေနဲ့ မူးယစ်ဆေးဝါးရှောင်ရှားပါ၊ ကိုယ်ကျင့်တရား၊ အမှားကိုသိပါ၊ လူမိုက်ကိုမပေါင်းနှင့်၊ စိတ်ပျော်အောင်နေပါ၊ အဆင်ပြေအောင်နေ တတ်ပါစေ၊ သူတစ်ပါးကိုအပစ်မတင်နဲ့၊ လူကြီးလူကောင်းပီသပါ၊ ယုံကြည်ချက်အပြည့်ထားပါ စသည့် အကြောင်းအရာများ ဆွေးနွေးခဲ့ကြောင်းနှင့် အောင်မြင်ကြီးပွားကြောင်း နည်းကောင်း(၁၀၀) စာအုပ် စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြင့် ကျောင်းသား/ ကျောင်းသူ စာပေချစ်မြတ်နိုးသူများအနေဖြင့် ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ပြီး ရင်ထဲတွင်  အောင်မြင်ကြီးပွားလိုစိတ်များ ကိန်းအောင်းကာ စိတ်ခွန်အားများပြည့်ဝ၍ ထူးချွန်ထက်မြတ်သူများ ဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။

သက်မောင်၊(ကျောက်ဆည်)