ပဲခူးမြို့နယ် အင်းတကော်မြို့တွင် သံဃာအပါး (၂၀၀)အား (၆) ကြိမ်မြောက် ဆီဆွမ်းလောင်းလှူပွဲ ကျင်းပပြုလုပ်

ပဲခူး စက်တင်ဘာ ၂၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ အင်းတကော်မြို့တွင် စက်တင်ဘာလ (၂၄) ရက် နေ့လယ်ပိုင်းအချိန်က () ကြိမ်မြောက် ဆီဆွမ်းလောင်းလှူပူဇော်ပွဲ အခမ်းအနားကျင်းပပြုလုပ်သည်။

အဆိုပါ ဆီဆွမ်းလောင်းလှူခြင်းအား အင်းတကော်မြို့၊ မြို့အုပ်ချုပ်ရေးမှူးနှင့်ရုံးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များ၊ မြို့မိမြို့ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့ပေါ်ရပ်ကွက်အသီးသီးရှိ စေတနာရှင်၊ အလှူရှင်များစုပေါင်းပြီး အင်းတကော်မြို့ အုပ်ချုပ်မှုအပိုင်နယ်မြေအတွင်းရှိ ဘုန်းတော်ကြီးကျောင်းပေါင်း (၈၂) ကျောင်းမှ ဆရာတော်၊ သံဃာတော်အရှင်သူမြတ်အပါး (၂၀၀)တို့အား အင်းတကော်မြို့၊ ရပ်ကွက်အသီးသီးမှ စေတနာရှင်များအပြင် လှည်းကူးမြို့နယ်အတွင်းရှိ ကျေးရွာများမှ အလှူရှင်ပါလာရောက်၍ ဆီဆွမ်းများလောင်းလှူပူဇော်လှူဒါန်းကြကြောင်း သိရှိရသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)