ပျဉ်းမနား စက်တင်ဘာ ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား စားသုံးဆီဆယ်ပိဿာတစ်ပုံးလျှင် ၄၉၀၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများလက်ဝယ်အရောက် စက်တင်ဘာလ ၂၂ ရက်နေ့ နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။
အဆိုပါရောင်းချမှုတွင် ပျဉ်းမနားမြို့၊ ဇောတိကဆီဆိုင်မှ မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား စားသုံးဆီများဈေးနှုန်း သက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့တွင် စားသုံးဆီဆယ်ပိဿာတစ်ပုံးလျှင် ၄၉၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)