မိုင်းခတ်မြို့နယ် ပြည်သူ့ပန်းခြံ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

မိုင်းခတ် စက်တင်ဘာ ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ တပ်ရင်းတပ်ဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အပတ်စဉ် မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၃ ရက်နေ့ နံနက် (၇)နာရီအချိန်က မိုင်းခတ်မြို့နယ် ပြည်သူ့ပန်းခြံအပြင်ဘက် လူသွားလမ်း‌ဘေးတစ်လျှောက် စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် စစ်ဗျူဟာ(အခြေချ)(မိုင်းခတ်)စစ်ဗျူဟာမှူးဗိုလ်မှူးကြီးဇော်အေးထွန်းနှင့် မိုင်းခတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးတို့ ဦးဆောင်သည့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်း၍ ‌ပေါင်းမြက်များအား ပေါက်ပြားများ၊ မြက်ဖြတ်စက်များဖြင့် ရှင်းလင်းခြင်း၊ ချုံနွယ်များအား ခုတ်ထွင်ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ ဝန်ထမ်းများက အမှိုက်ကားဖြင့် အမှိုက်များအား သယ်ယူစွန့်ပစ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)