သတင်းများ

တန့်ယန်းမြို့နယ် အမှတ်(၆)ရပ်ကွက်တွင် ကတ္တရာလမ်း အဆင့်မြှင့်တင်ဆောင်ရွက်
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ အဆင့်မြှင့်ကောင်းမွန်လာစေရန် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်စဉ်ဆောင်ရွက်ပေးရာ အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေလျှက်ရှိသည်။
ရေနံချောင်းမြို့နယ်၌ ဆီစားသုံးမှုဖူလုံပိုလျှံစေရန်အတွက် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို အားထားစိုက်ပျိုးခဲ့
Sep 27,2023
မကွေးတိုင်းဒေသကြီး ချောက်ခရိုင် ရေနံချောင်းမြို့နယ်၌ ပြည်သူများ ဆီစားသုံးမှုဖူလုံပိုလျှံစေရန်အတွက် ယခုနှစ်စိုက်ပျိုးရာသီတွင် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံများကို ယာမြေများနှင့် ကိုင်းမြေများတွင် အဓိကအားထားစိုက်ပျိုးခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကယားပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေး လွိုင်ကော်မြို့၌ကျင်းပ
Sep 27,2023
၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေး ကယားပြည်နယ် သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီ (၁/၂၀၂၃) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
ဒေးဒရဲမြို့ (Community Centre) ခန်းမ၌ စာဖတ်ဝိုင်း ကျင်းပ
Sep 27,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ တိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို  ယမန်နေ့ မွန်းလွဲ (၁)နာရီက ကျင်းပခဲ့သည်။
တန့်ယန်းမြို့နယ်တွင် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် လက်ဖက်ခြောက်ရောင်းအားကောင်း လျက်ရှိ
Sep 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် လက်ဖက်အား အစိုရော အခြောက်ပါ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
ဟိုပန်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ "လူငယ်စကားဝိုင်း"ကျင်းပ
Sep 27,2023
ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများကြွယ်ဝစေရန်အတွက် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီက လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ဟိုပန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၊ စောမဟာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေပြည်သာမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ
Sep 27,2023
ရန်ကုန်တိုင်းဒေသကြီး‌ ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန် နှင့်အတွေးအခေါ်များ မြင့်မားလာစေရန် တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်လာ‌စေရန်နှင့် နှုတ်မှုရေးရာစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ရွှေပြည်သာမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းကျောင်းခန်းမတွင် ကျင်းပသည်။
ဆင်ပေါင်ဝဲမြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅) နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယဆုရအမျိုးသမီးအသင်းအား ဂုဏ်ပြုကြိုဆို
Sep 27,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယဆုရအမျိုးသမီးအသင်းအား စက်တင်ဘာ၂၆ ရက်နေ့ ညနေပိုင်းက မြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။