သတင်းများ

မိုင်းပျဉ်းမြို့၌ အခြေခံလူမှုဝန်ထမ်းလုပ်ငန်းသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် အခြေခံလူမှုဝန်ထမ်းလုပ်ငန်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက မိုင်းပျဉ်းမြို့  လူမှုဝန်ထမ်းဦးစီးဌာန၊ ရုံးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့(လားရှိုး)မှ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်အောင်မြင်ဘုရား၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Sep 26,2023
၂၀၂၃ ခုနှစ်၊အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက လားရှိုးမြို့၊ ရန်အောင်မြင်ဘုရား၌ ရှမ်းပြည်နယ်ဒုတိယရဲတပ်ဖွဲ့(လားရှိုး) မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီက စုပေါင်းသန့်ရှင်းရေး လုပ်အားပေး ဆောင်ရွက်ခဲ့သည်။
အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်
Sep 26,2023
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်သော ကျောင်းသား/သူများပညာသင်ယူနိုင်မည့် အခွင့်အလမ်းများဆိုင်ရာ အသိပညာပေးဟောပြောပွဲကို စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်(၀၉း၀၀)နာရီအချိန်က အ.ထ.က(၃)အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
တောင်တွင်းကြီးမြို့နယ် ကင်ပွန်းတောင်ရေလှောင်တမံအတွင်းသို့ ငါးကောင်ရေ တစ်သိန်းခုနစ်သောင်း စိုက်ထည့်
Sep 26,2023
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွန်မှုဖြင့် ငါးသယံဇာတများ ပေါများစေရေးနှင့် ဒေသတွင်းပြည်သူများ ငါးရိက္ခာများ ပိုမိုရရှိစားသုံးနိုင်ရေးအတွက် တောင်တွင်းကြီးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနနှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ဆည်၊ တာတမံများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေနံနက် ၈ နာရီတွင် ကင်းပွန်တောင်ရေလှောင်တမံ၌ ဆောင်ရွက်ခဲ့သည်။
မရမ်းကုန်းမြို့နယ်၌ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ တွဲဖက်သင်ကြားမည့် အခြေခံပညာအထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 26,2023
၂၀၂၃- ၂၀၂၄ ပညာသင်နှစ် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး တွဲဖက်သင်ကြားမည့် အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ဆောင်ရွက်နေမှု အသိပညာပေး ဟောပြောဆွေးနွေးပွဲ အခမ်းအနားကို ယ​မန်နေ့နံနက်ပိုင်းက မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ စန္ဒိမာခန်းမ၌ကျင်းပခဲ့သည်။
တာချီလိတ်မြို့ အထက(ဆန်ဆိုင်း)ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ
Sep 26,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက်၉နာရီက အခြေခံပညာအထက်တန်းကျောင်း(ဆန်ဆိုင်း) ခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မှော်ဘီမြို့နယ်အတွင်းရှိ ကျောင်းသား/သူ လူငယ်လူရွယ်လေးများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် လူငယ်စကားဝိုင်းကျင်းပ
Sep 26,2023
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုသည့် စကားအတိုင်း နိုင်ငံ၏အနာဂတ်တာဝန်များကို ပခုံး ပြောင်းထမ်းဆောင်ကြမည့် ကျောင်းသား/သူ လူငယ်လူရွယ်လေးများအနေဖြင့် အသိဉာဏ်ပညာ ဗဟုသုတများပြည့်စုံ ကြွယ်ဝပြီး ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်က မှော်ဘီမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (မြောင်းတကာ) ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
ပေါင်မြို့နယ်၌ ကျေးလက်နေမိသားစုဝင်ငွေတိုးရေး သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ(ဖျော်ရည်)သင်တန်းဖွင့်လှစ်
Sep 26,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုများ ဝင်ငွေတိုးရေးစီမံကိန်းအရ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှပြုလုပ်သည့် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ(ဖျော်ရည်)သင်တန်းကို ယမန်နေ့နံနက်ပိုင်းက ဇာကဒွန်းကျေးရွာရှိ မဂဒူးခန်းမ၌ စတင်ဖွင့်လှစ်ခဲ့သည်။