ရွှေပြည်သာမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပ

ရွှေပြည်သာ စက်တင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး‌ ရွှေပြည်သာမြို့နယ်၌ စာဖတ်ရှိန်မြင့်မားလာစေရန် အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန် နှင့်အတွေးအခေါ်များ မြင့်မားလာစေရန် တင်္ခနုပ္ပတ္တိဥာဏ်များ ဖွံ့ဖြိုးရှင်သန်လာ‌စေရန်နှင့် နှုတ်မှုရေးရာစွမ်းရည်များ တိုးတက်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြောပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့နံနက်(၁၀)နာရီခွဲက ရွှေပြည်သာမြို့နယ် အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းကျောင်းခန်းမတွင် ကျင်းပသည်။

ကျပန်းစကားပြောပြိုင်ပွဲတွင် ရွှေပြည်သာမြို့နယ်စာ‌ ရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ရည်မွန်မှ အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးအေးမိုးက စာဖတ်ရှိန်မြင့်မား‌ရေး အသိပညာပေးဟောပြောပွဲနှင့် ကျပန်းစကား‌ပြောပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားကာ မြို့နယ်စာ‌ရေးဆရာအသင်း အတွင်းရေးမှူးချိုပန်းချီ (ပညာရေး)နှင့် အမှတ် (၂၂) ရပ်ကွက်လမ်းပြကြယ် စာကြည့်တိုက်မှူး ဦးမိုးလွင်တို့က စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောခဲ့ပြီး အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီးဝင်းဇော်က ကျေးဇူးတင်စကား ပြောကြားသည်။

ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကျပန်းစကားပြောပြိုင်ပွဲကို‌  ကျင်းပရာ အမှတ် (၄) ခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူ (၆)ဦးမှ ယနေ့လူငယ်နောင်ဝယ်လူကြီး၊ ကျန်းမာခြင်းသည်လာဘ်တစ်ပါး၊ စာပေမြင့်မှ လူမျိုးတင့်၊ မူးယစ်ရန်စွယ်တို့ ကာကွယ်ခေါင်းစဉ်များဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ကျပန်းစကားပြောပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး‌ ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

နေမျိုးထွန်း (ရွှေပြည်သာ)