တန့်ယန်းမြို့နယ်တွင် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် လက်ဖက်ခြောက်ရောင်းအားကောင်း လျက်ရှိ

တန့်ယန်း စက်တင်ဘာ ၂၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ဒေသထွက်ကုန်တစ်မျိုးဖြစ်သည့် လက်ဖက်အား အစိုရော အခြောက်ပါ ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

အဆိုပါ လက်ဖက်အား ဒေသမျိုးနှင့်စပ်မျိုး နှစ်မျိုးလုံးကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးနေသူများ ရှိသလို စီးပွားဖြစ်စိုက်ပျိုးကြသူများလည်းရှိရာ လက်ဖက်ခူးချိန်တွင် လက်ဖက်စိုက်တောင်သူများနှင့်လက် ဖက်ခူး လုပ်သားများ နေ့စဉ်ပုံမှန်ဝင်ငွေ ရရှိနေကြသည်။

လက်ဖက်ကို ခူး၍ အရွက်ကိုရောင်းချ၍ ရသလို အခြောက်ပြုလုပ်၍ ရောင်းချပါကလည်း ရကြောင်း၊ ယခုအခါ ဒေသမျိုး လက်ဖက်ခြောက် အကောင်းတစ်ပိဿာကို ငွေကျပ်တစ်သောင်းခွဲ၊ နှစ်သောင်းကျပ်ဝန်းကျင်ဖြင့် ရောင်းချနေရခြင်းကြောင့် ရောင်းအားကောင်းလျက်ရှိကြောင်း လက်ဖက်ခြောက် ရောင်းချနေသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)