ဆင်ပေါင်ဝဲ စက်တင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့၌ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယဆုရအမျိုးသမီးအသင်းအား စက်တင်ဘာ၂၆ ရက်နေ့ ညနေပိုင်းက မြို့နယ်အခြေခံပညာအထက်တန်းကျောင်းရှေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးချန်ဖီယာန်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းသား၊ ကျောင်းသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြကြောင်း သိရသည်။
အဆိုပါ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံအသက်(၂၅)နှစ်အောက်အမျိုးသား/ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို စက်တင်ဘာ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်းစုံမှ အသင်းလိုက် ပိုက်ကြော်ခြင်းအားကစားသမားများက ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြကြောင်း သိရှိရသည်။
ဆက်လက်ပြီး ဆင်ပေါင်ဝဲမြို့နယ်အမျိုးသမီးအသင်းမှ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ရာ အမျိုးသမီးအသင်းလိုက် တတိယဆုကိုရရှိခဲ့ပြီး အမျိုးသမီးနောက်ထိန်းအကောင်းဆုံးကစားသမားဆုကို မစုစုကြည်မှရရှိခဲ့ကြောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အားကစားမှူး ဦးကျော်ဇင်ဖြိုး ထံမှ သိရှိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)