တန့်ယန်း စက်တင်ဘာ ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများ အဆင့်မြင့်ကောင်းမွန်လာစေရန် ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ်မူတည်၍ မြို့နယ်စည်ပင်သာယာရေးဌာနမှ နှစ်စဉ်ဆောင်ရွက်ပေးရာ အမှတ်(၆)ရပ်ကွက် ဝိန်းလောင်းလမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်နေလျှက်ရှိသည်။
အဆိုပါလမ်းအား စည်ပင်သာယာရေးဌာန၏ ခွင့်ပြုရန်ပုံငွေမှ အရှည်ပေ(၆၀၀)၊ အကျယ်(၁၂)ပေအား ဆောင်ရွက်နေရာ ရပ်ကွက်နေပြည်သူများနှင့် မြို့၏မြောက်ဘက်ခြမ်းရှိ ကျေးရွာအုပ်စုများ သွားရေးလာရေးအသုံးပြုနေသည့်လမ်းဖြစ်သည့်အတွက် စေတနာရှင်၊အလှူရှင်များက စည်ပင်သာယာရေးဌာနနှင့် ပူးပေါင်း၍ အရှည်ပေ(၁၀၀၀)၊ အကျယ် (၁၈)ပေထိ တိုးမြှင့်ဆောင်ရွက်နေကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)