သတင်းများ

လူငယ်များ စာပေဖတ်ရှုလေ့လာမှုအားကောင်းလာစေရန်အတွက် ကျောက်ပန်းတောင်းမြို့နယ် Community Centre ခန်းမတွင် စာဖတ်စွမ်းရည်ပြိုင်ပွဲပြုလုပ်
Sep 26,2023
ကျောင်းသားလူငယ်များ စာပေဖတ်ရှု လေ့လာမှု အားကောင်းလာစေရန်နှင့် စာဖတ်စွမ်းရည် မြင့်မားတိုးတက်စေရန် ရည်ရွယ်ပြုလုပ်သည့်၊ စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က မန္တလေးတိုင်ဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထားဝယ်ခရိုင် အခြေခံပညာ ကျောင်းပေါင်းစုံအမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကျင်းပ
Sep 26,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီအချိန်က ထားဝယ်မြို့၊ တိုင်းအားကစားရုံ၌ကျင်းပခဲ့သည်။
ပူတာအိုမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Sep 26,2023
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အားကစားကဏ္ဍတွင် ထူးချွန်ထက်မြက်သော အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အသက်(၁၈)နှစ်အောက် (မြို့နယ်အဆင့်) ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေ (၃)နာရီက ပူတာအိုခရိုင် ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ကျောက်ဖြူမြို့၌ ရခိုင်ဒေသထွက်ကုန်များကို ထုတ်လုပ်ရောင်းချနေသည့် “သန္တာမြေ” ရခိုင်ထွက်ကုန် လုပ်ငန်းရှင် လူငယ်ငြိမ်းချမ်းကျော်နှင့် တွေ့ဆုံမေးမြန်း
Sep 26,2023
မေး။   သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းကို ဘယ်အချိန်လောက်က စတင်ခဲ့ပါသလဲရှင့်။ ဖြေ။    သန္တာမြေ ရခိုင်ထွက်ကုန်လုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဇွန်လအလယ်လောက်က စတင်လုပ်ကိုင်ခဲ့ပါတယ် ခင်ဗျ။
မိုးညှင်းမြို့၌ ဒေသခံပြည်သူများအား အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Sep 26,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့ မြို့မရပ်ကွက်ရှိ မြသိန်းတန်ဘုရားကြီး အရှေ့ဘက် လမ်းမကြီးပေါ်၌ ဒေသခံပြည်သူ များအား အခြေခံစားသောက်ကုန်များကို ယနေ့ နံနက် (၇)နာရီက သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရ သည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံစာကြည့်တိုက်ပညာဆင့်ပွား သင်တန်းပို့ချ
Sep 26,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre) ခန်းမ၌ ရပ်ကွက်၊ ကျေးရွာ၊ အ​ခြေခံပညာကျောင်းများနှင့် တပ်ရင်းတပ်မများရှိ စာကြည့်တိုက်များ စာကြည့်တိုက်များ စနစ်တကျ ဖွင့်လှစ်နိုင်ရေးအတွက် အခြေခံစာကြည့်တိုက်ပညာ ဆင့်ပွားသင်တန်းကို ယနေ့နံနက် (၁၀)အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကသာမြို့နယ်တွင် ပတ်ဝန်းကျင်လေထုအရည်အသွေးညွှန်းကိန်းနှင့် ဧရာဝတီမြစ်ရေအရည် အသွေးရလဒ်များအား ထုတ်ပြန်ကြေညာပေး
Sep 26,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ မြို့နယ်အတွင်း ပတ်ဝန်းကျင်လေထု အရည်အသွေး ညွှန်းကိန်းနှင့် ဧရာဝတီမြစ်၏ ရေအရည် အသွေးတိုင်းတာမှု ရလဒ်များကို အပတ်စဉ်ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း သိရသည်။
ကျောက်တော်မြို့လူ ထုအခြေပြုဗဟိုဌာ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများနှင့် စာဖတ်ဝိုင်း ပြုလုပ်
Sep 26,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နေ့လယ် ၁ နာရီအချိန်က စာ​​ရေးဆရာ မခင်စောတင့်​ရေးသားသည့် “စွန့်စားမှုဆီသို့ခြေတစ်လှမ်းနှင့်အတွေးအမြင်စာစု” စာအုပ်ဖြင့် ဆွေးနွေးခဲ့ကြကြောင်းသိရသည်။