ပြည် ဇူလိုင် ၂၉
၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇူလိုင် ၂၇ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာခဲ့ရာ ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့နယ်ရှိ စာစစ်ဌာန(၅)ခုမှ ကျောင်းတွင်းဖြေနှင့် ကျောင်းပြင်ပဖြေဆိုသူ စုစုပေါင်း ၁၅၆၈ ဦးအနက် ၅၃၉ ဦး အောင်မြင်ခဲ့၍ အောင်မြင်မှုရာခိုင်နှုန်း ၃၄ဒသမ ၃၈ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်မြို့နယ်၏ အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် (၄)ဘာသာဂုဏ်ထူးရရှိသူ ၅ ဦး၊ (၃)ဘာသာဂုဏ်ထူး ၂၂ ဦး၊ (၂)ဘာသာဂုဏ်ထူး ၁၈ ဦး၊ (၁)ဘာသာဂုဏ်ထူး ၂၃ ဦးနှင့် ရိုးရိုးအောင်မြင်သူ ၄၇၁ ဦးဖြစ်ကာ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်မြို့နယ်ရှိ အ.ထ.က(၁)၊ အ.ထ.က(၄)၊ အ.ထ.က(၅)၊ အ.ထ.က (ဝက်ထီးကန်) နှင့် အ.ထ.က(ပေါင်းတလည်) အစရှိသည့် စာစစ်ဌာန ၅ ခု၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကိုဆက် (ပြန်/ဆက်)