တာချီလိတ် ဇူလိုင်၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ပြီး ရေပြန်လည် ကျဆင်းသွားသည့် မြို့ပေါ်ရပ်ကွက်များတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများနှင့် ရေဘေးသင့်ပြည်သူများအား ယနေ့နံနက်ပိုင်းက တာဝန်ရှိသူတို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့တွင် မိုးအဆက်မပြတ်ရွာသွန်းပြီး မယ်ဆိုင်ချောင်းရေကြီးရေလျှံမှုကြောင့် ဇူလိုင် ၂၈ ရက် နံနက်ပိုင်းက စိုးရိမ်ရေမှတ်အထက် ၆ ပေကျော်ရောက်ရှိကာ မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာမှ ဇူလိုင်လ ၂၉ ရက် နံနက်ပိုင်းတွင် စိုးရိမ်ရေမှတ်အထက် ၂ ပေသို့ ပြန်လည်ကျဆင်းသွားပြီး ရေများပြန်လည် ရေကျဆင်းသွားသည့် မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတားအမှတ်(၁)၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်ရှိ အကောက်ခွန်ရုံးရှေ့နှင့် ပုန်းထွန်း လမ်းမပေါ်ရှိ ရွှံ့နွံနှင့်အမှိုက်သရိုက်များကို စက်ယန္တရားနှင့်လူအင်အားဖြင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ၊ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဌာန ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်လျက်ရှိရာ တာဝန်ရှိသူတို့ လိုက်လံကြည့်ရှုအားပေးပြီး ရေကြီးရေလျှံမှုကြောင့် ပျက်စီးဆုံးရှုံးမှုများအား ပြန်လည်ပြုပြင်တည်ဆောက်နိုင်ရေးနှင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေဆဲ ရပ်ကွက်များမှ ဒေသခံပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးလိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)